Friday, October 29, 2010

အမေများနေ့ အမှတ်တရ

ကျွန်တော့်မှာ အမေရှိတယ်
မေလမှာ အမေများနေ့ရှိတယ်
အဲဒီမတိုင်ခင်မှာ…
သူမ နေထိုင်တဲ့အရပ်ကို
မုန်တိုင်းကျခဲ့တယ်၊ နာမည်က ‘နာဂစ်’ တဲ့။

အမေ… ဒီအချိန်မှာ
ဘယ်လောက် ကြေကွဲနေရှာမလဲ
ဒါပေမယ့် ကျွန်တော်က ဟိုးအဝေးမှာ…
ဟိုးအဝေးကနေပဲ
ဦးခိုက်ပူဇော်လိုက်တယ်
အမေ စိတ်ချမ်းသာပါစေလို့။

ကျွန်တော်နေထိုင်တဲ့မြို့မှာ
ခင်ဗျားတို့ ကျွန်တော်တို့ချစ်တဲ့ လေးစားတဲ့
မိခင်တွေ နေထိုင်တယ်။
မေလမှာ မိခင်များနေ့ရှိတယ်
အဲဒီမတိုင်ခင်…
သူတို့တွေ အေးချမ်းစွာနေနေတဲ့အရပ်ကို
မုန်တိုင်းကျခဲ့တယ်၊ နာမည်က ‘နာဂစ်’ တဲ့။

အမေတွေ၊ မိခင်တွေ…
ဘယ်လောက် ကြေကွဲနေရှာမလဲ
ခင်ဗျားတို့ ကျွန်တော်တို့က ဟိုးအဝေးမှာ…
ဟိုးအဝေးကနေပဲ
ဦးခိုက်ပူဇော်လိုက်ကြရအောင်
မိခင်တွေ စိတ်ချမ်းသာပါစေလို့...။

ကြေကွဲဝမ်းနည်းမှုများစွာဖြင့်
ဟန်သစ်ငြိမ်


မေလ ၁၀ ရက်၊ ၂၀၀၈ ခု၊
နာဂစ်မုန်တိုင်း ကျပြီး တစ်ပတ်အကြာ

No comments: