Thursday, November 4, 2010

ချစ်သောဖေဖေ

ငယ်ရွယ်စဉ်က ကျောင်းကြိုကျောင်းပို့
အမြဲပြုရွေ့
အဖတာဝန်မလစ်ဟင်းပဲ
ပျိုးထောင်ခဲ့တာ
ချစ်သောဖေဖေ

ဘ၀ဒဏ်ကြောင့်
ခက်ထန်နေတဲ့ ဖေဖေ့လက်တစ်စုံ
ယုံကြည်အားကိုးလေးစားလို့
အားအင်တွေရ
ချစ်မ၀ခဲ့ပါ
ချစ်သောဖေဖေ

တုတ်နဲ့မတို့
လေသံမမာ
မြတ်နိုးစွာနဲ့
အချုပ်အချယ် ကင်းဝေး
လိမ်မာအောင် ထိန်း
သားသမီးတို့ရဲ့ သူရဲကောင်းဟာ
ချစ်သောဖေဖေ

လောင်းကစားဆို ဝေးဝေးကရှောင်
အရက်ဆေးလိပ်မသုံးဆောင်ပဲ
ဒီမိသားစုရဲ့ စံပြခေါင်းဆောင်
ပုဆိုး စွတ်ကျယ်စုတ်
မလဲတမ်းဝတ်လို့
နောင်ရေးကောင်းအောင်
ကြိုးစားခဲ့တာ
ချစ်သောဖေဖေ

ကိုယ်တိုင်မသုံး
သားသမီးတွေသုံးနိုင်အောင်
တူနှစ်ကိုယ်ယှဉ်တွဲ
စံပြမိသားစု
ဆောက်ခဲ့တာ
နားလည်မှုရှိကာ
အချိန်တိုင်းဖေးမခဲ့တာ
ချစ်သောဖေဖေပါ …

ကျွန်မချစ်ရပါသော ဖေဖေပါ ….

h3mlock
21st June 2009

ချစ်သောဖေဖေသို့ .. (အဖေများနေ့ အမှတ်တရ)

No comments: