Wednesday, November 10, 2010

ချစ်စရာ



















သားသား ။ ။ ပင့်ကူကလေး အကောင်ငယ်
သူ့ အိမ်ကလေး သူ ဆောက်တယ် ။
ဖေဖေရယ် ကြည့်ပါဗျား
ချစ်ဖို့ မကောင်းလား ။

ဖေဖေ ။ ။ တွေ့ပါ့ မြင်ပါ့ ဖေ့ သည်းချာ
ကြည်နူးဖွယ်ရာ အံ့ဖွယ်ရာ ။
ကိုယ့်အား ကိုသာ ကိုယ် ကိုးစား
ချစ်ဖို့ ကောင်းပါ့ ဗျား ။

သားသား
။ ။ ငှက်ကျားကလေး အကောင်ငယ်
သူ့ အသိုက်လေး သူဆောက်တယ် ။

ဖေဖေရယ် ကြည့်ပါဗျား
ချစ်ဖို့ မကောင်းလား ။

ဖေဖေ ။ ။ တွေ့ပါ့ မြင်ပါ့ ဖေ့ သည်းချာ
ကြည်နူးဖွယ်ရာ အံ့ဖွယ်ရာ ။
ကိုယ့်အား ကိုသာ ကိုယ် ကိုးစား
ချစ်ဖို့ ကောင်းပါ့ ဗျား ။
ဖေဖေ / သားသား ။ ။ ကိုယ့် စွမ်းအားကို ကိုယ်ခင်မင်
ပင့်ကူ ၊ ငှက်ကျား လုပ်အားရှင် ။
လုပ်အားရှင် ဆို ပြည့်အားသစ်
ဘယ်သူ မြင်မြင် ပီတိ ဖြစ်
ဖေဖေ လည်းချစ် ၊ သားလည်း ချစ် ။ ။

မြစ်ဝကျွန်းပေါ် လှမှူး
ပေဖူးလွှာ မဂ္ဂဇင်း
သြဂုတ်လ ၊ ၂၀၁၀ - ပြည့်နှစ် ။




No comments: