Friday, December 17, 2010

အမေ့လက်

စပါးလုံးနဲ့ ကြွက်ချေး
ဖယ်ရှားပေးဖို့
ဆန်ရွေးနေတဲ့ အမေ့ရဲ့လက်များ
တုတ်ဖျားနွယ်ရစ်၊ မသစ်မချော
ငေးမောကြည့်ရင်း
စဉ်းစားနေမိပါတယ်။

ပုခက်လွှဲသောလက်ဟာ
ကမ္ဘာကို ကိုင်လှုပ်နိုင်သတဲ့... ´
ကျွန်တော့်ရဲ့ ပုခက်လွှဲခဲ့တဲ့
အမေ့ရဲ့လက်ဟာ
မှက်၊ခြင်၊ယင် များစွာ
သုတ်သင်ခဲ့ရပါတယ်။

ငယ်စဉ်ခါများ
အကစားနဲ့ အစားမက်တဲ့
ကျွန်တော်ရဲ့နောင်ရေး
အဆောင်လေးကောင်းအောင်
မူလတန်းကျောင်းကို
ခါးစောင်းတင်ပွေ့ပိုက်
တစ်ခါတစ်ခါ ရိုက်နှက်
တစ်ရက်မညှိုး မုန့်ဖိုးပေးရင်း
အကျီင်္အပြဲ ပုဆိုးပြဲလည်း
တွဲသီချုပ်စပ်ဖို့ အပ်ကိုဆုပ်ကိုင်
နိုင်ရာတာဝန်ထမ်းခဲ့ရပါတယ်။

ဘွဲ့တစ်ခုရ
အလုပ်တစ်ခုရ
ဇနီး တစ်ယောက်ရ
ကျွန်တော့် ဘ၀မှာ
အမေဟာ...
တစ်ခါမှ မကွဲကွာခဲ့ပါဘူး။

လုပ်ငန်းအရေး စီးပွားရေးချို့
ကလေးများလို့လာတဲ့
ကျွန်တော့်ရဲ့ အိမ်ထောင်စု
ငြိမ်အောင်ပြုစု
အမှုကိစ္စ သက်မ မမျှင်း
တစ်ချက်ခြင်းလှုပ်ရှား
ဖြည့်ဆည်းသွားတဲ့
အမေ့ရဲ့လက်များဟာ သန်မာလှပါဘိ။

ကမ္ဘာကို ကိုင်မလှုပ်နိုင်ပေမယ့်
ဆန်ရွေးနေတဲ့ အမေ့ရဲ့လက်
ဘာနဲ့တွက်တွက်
ဘယ်လိုတွက်တွက်
နှစ်သက်မြတ်နိုး
တန်ဖိုး မဖြတ်နိုင်ကြောင်း
သား...ကောင်းကောင်းသိပါပြီအမေ...။


ငြိမ်းစိုးဦး
(16.3.1986)

ပန်ရုပ်စုံမဂ္ဂဇင်း

ဖေဖော်ဝါရီလ၊ ၁၉၈၈-ခုနှစ်။


No comments: