Friday, February 4, 2011

ကျွန်တော်=မသိရှိခြင်းများ...

အဆင်ခြင်းတူပေမဲ့
အမြင်ခြင်းမတူခဲ့ကြဘူး
လူဟာလူပဲလို့ ပြောမယ်ဆိုရင်တော့
ကျွန်တော့်ကို
ဒီတစ်ခါတော့ခေါင်းမာခွင့်ပြုပါမေမေ
တစ်ချို့ကနုကြွေတစ်ချို့ ကရင့်ကြွေ
တစ်ချို့ ကနုမှည့် တစ်ချို့ ကရင့်မှည့်
တစ်ချို့ ကနုခြွေတစ်ချို့ ကရင့်ခြွေ
တစ်ချို့ တွေကတော့ပုံစံခွက်ထဲမှာ
တစ်ချို့ တွေကတော့ပုံစံခွက်ကိုထုဆစ်တဲ့လက်တွေ
တစ်ချို့ ကြတော့စားကျက်မှာလွှတ်ထားခြင်းကိုခံရတယ်
တစ်ချို့ ကြတော့မောင်းသွင်းတယ်
တစ်ချို့ ကြတော့လည်းကောင်တာမှာချိတ်ဆွဲထားခံရတယ်
တစ်ချို့ တွေကိုယ်တိုင်ပျိုးပြီးကိုယ်ပိုင်ရိတ်သိမ်းခွင့်ရှိခဲ့
တစ်ချို့ တွေကြတော့လယ်ကွင်းထဲကို
ပျိုးကြဲသလို ကြဲပက်ခြင်းခံရ
အချိန်တန်လို့ မျိုးအောင်တဲ့ခါရိတ်သိမ်းခြင်းကိုခံရ
တစ်ချို့ ကြတော့လည်း
လက်ဘက်ရည်ဆိုင်ကပြန်အမ်းလိုက်တဲ့
နွမ်းလျလျငွေစက္ကူစတွေလို
ဘယ်သူကမှကြည်သာစွာလက်မခံချင်ကြပြန်ဘူး
တစ်ချို့တွေကြတော့လည်း
ရေခဲချောင်းမှာတပ်ထားတဲ့လက်ကိုင်တုတ်လေးတွေလို
စားသုံးပြီးတဲ့အခါစွန့် ပစ်ခြင်းကိုခံရ
ဘ၀ဆိုတာသံသရာစက်ဝိုင်းတစ်ပတ်ဆိုရင်
ဘ၀ဆိုတဲ့အရာက
ဝိုင်းကြီးပက်ပက်ဒူဝေေ၀ပဲမဟုတ်လားမေမေ
ငွေမျောရင်ငွေနဲ့လိုက်တယ်
လှေမျောတော့လှေနဲ့ လိုက်ခဲ့တယ်
ဘ၀မျောတော့ဘာနဲ့ လိုက်ရမှာလည်းမေမေ
ရေမျောရင်ကမ်းတင်တယ်ဆိုပေမဲ့
ဘ၀မျောတဲ့အခါတော့စုန်းစုန်းမြှုပ်ခဲ့ပါတယ်မေမေ
တစ်ကိုတစ်ပေါင်းပြီးနှစ်နဲ့စားလိုက်တဲ့အခါ
ငါးကိုငါးနဲ့ မြှောက်ပြီးငါးနဲ့ပြန်စားခံလိုက်ရတဲ့အခါ
ငါးကိုလေးပေါင်းပြီးလေးပြန်နှုတ်ခံလိုက်ရတဲ့အခါ
အဲ့လိုဥာဏ်ကြီးရှင်တွေကလည်းဒုနဲ့ဒေးပါလားမေမေ
တောင်ကြီးဖ၀ါးအောက်တဲ့
အရှိန်အ၀ါတွေကြီးလွန်းတဲ့အခါကြတော့လည်း
ကိုယ်ယောင်ကိုယ်ဝါတောက်ပမှုဆိုတာ
တစ်ခဏနဲ့ တင်ပျောက်ရှခဲ့ပေါ့မေမေ
အဲ့လိုများပြားလှတဲ့တစ်ချို့ တစ်ချို့ တွေထဲ
မေမေ့သားတစ်ယောက်
ဘယ်အမျိုးအစားထဲမှာရောက်နေပြီလည်း
ဆေားရီးပါမေမေ
ဒီမေးခွန်းကိုတော့သားမဖြေပါရစေနဲ့ 
ဒီနေ့ ဒီချိန်တွေထိ
သားသိရှိခဲ့သမျှတွေက
ဤ၍ဤမျှသာ။ ။

မောင်ခင်လေး

No comments: