Tuesday, February 22, 2011

အမေ ငိုလေသောအခါ

အမေ့မျက်ရည်ကျလေသောအခါ ကျနော်လည်း ၀မ်းနည်းပါတယ် ဘ၀တွေအကြောင်း သောကတွေအကြောင်း ဒုက္ခတွေအကြောင်း နောကြေနေတဲ့ အမေက မျက်ရည်ကျတယ်တဲ့ အမေမျက်ရည်မကျတာ ဘယ်လောက်များကြာပါပြီးလဲ ကျနော်မမှတ်မိတော့ပါဘူး ။ ဟုတ်တယ် လွန်ခဲ့တဲ့ ၃ နှစ်လောက်တော့ အမေ့ရဲ့သားအငယ်ဆုံး အမေနဲ့ဝေးတဲ့နေရာကို သွားရတော့မှာမို့စိတ်ပူပြီးကျတဲ့မျက်ရည် အဲ့နောက်ပိုင်း အမေမငိုတော့ပါဘူး အမေက အင်မတန်ငိုခဲတဲ့သူတစ်ယောက်ပါ။ သားသမီးတွေ စိတ်ဓာတ်ကျ အားငယ်နေရင်တောင် အမေရှိရင် အားရှိနေကျ အမေကိုပြောပြလိုက်၇င် ခံစားနေရတာတွေ အားလုံးပေါ့ပါးသွားတတ်စမြဲပါ ။

အိမ်နဲ့အကြာကြီးဝေးနေတဲ့ ကိုလတ် လွန်ခဲ့တဲ့ရက်ပိုင်းတွေလောက်တုန်းက အိမ်ပြန်ရောက်လာခဲ့တော့ အမေဟန်မဆောင်နိုင်ပဲ ခလေးတစ်ယောက်လို ဟေးး လို့အော်ပြီး ပျော်နေလို့  ကျနော်တို့မောင်နှမတွေ စနောက်ခဲ့ရတဲ့အဖြစ် ။ အဖေ၊ အစ်ကို ပြီးတော့ ကျနော်နဲ့ ကျနော်တူလေးတစ်ယောက် ရှင်ပြု ရဟန်းခံလုပ်တဲ့နေ့ ။ “အမေ...သား လူများရင် စိတ်ရှုပ်တယ် ပြီးတော့ အကျွေးမွေးတွေလုပ်ကြမှာနဲ့ဆိုရင် မူးကြမယ့်သူတွေနဲ့ ဘာကြီးမှန်းအလည်းမသိဘူး ခဏ အကုသိုလ်တွေများနေအုံးမယ် ” ။ ကျနော်မိုက်မဲတာ မစဉ်းစားတတ်တာ အမေ ခဏတော့ငိုင်သွားတယ် အိမ်ရဲ့စီးပွားရေးအခြေနေမကောင်းလို့ အလှူတန်းမလုပ်ရတာ ကြာတော့ အမေလုပ်ချင်တယ်ထင်တယ် ။အစ်ကိုက မျက်စပစ်ပြီး ကပ်ပြောတယ် “ အကြာကြီးနေမှ တစ်ခါမိသားစုစုံရတာ အမေစိတ်ချမ်းသာသလို လုပ်ပါစေ” တဲ့ ။ ဟုတ်သား ခုချိန်မှာ အမေစိတ်ချမ်းသာဖို့ အဓိကပဲ ။

ဆံချတဲ့နေ့က အမေငိုတယ် ပြီးတော့ ဓာတ်ပုံတွေရိုက်ကြတော့ တစ်ခါငိုတယ် အငယ်လေးတုန်းကလို အမေငိုရင် ကျနော်လည်းငိုချင်တယ် ။ အမေဘာလို့ငိုတာပါလိမ့် ၀မ်းသာလို့ငိုတာလား ၀မ်းနည်းလို့ ငိုတာလား ကျနော်သေချာမသိပါဘူး အမေ့ရဲ့ အချစ်ဆုံးသားကြီး မလာလို့ဖြစ်မှာ ပေါ့ အမေက အစ်ကိုကြီးကို အချစ်ဆုံး။ “ အဲ့နေ့ညက မိသားစုတွေ စကားထိုင်ပြောကြတဲ့ည ကျနော်က အမေ့ပေါင်ပေါ် ခေါင်းအုံးပြီး နားထောင်နေတာ တကယ့်ကို ခလေးဘ၀ နေ့ရက်တွေ ပြန်ရောက်သွားသလိုပဲ အမေကကျနော့်ခေါင်းကဆံပင်တွေကိုပွတ်သပ်လို့ပေါ့ ။ “သား ၃ ယောက်ထဲမှာတော့လေ သားအကြီးဆုံးကိုတော့ အချစ်ဆုံးပဲ မအေကို ဂရုတစိုက်နဲ့ လိမ်မာတယ် ” အဲ့တုန်းက ကျနော်အမေ့စကားကို ပြုံးပြီးနားထောင်နေလိုက်ရင်ကောင်းသား မိုက်လိုက်တဲ့ကျနော်လေ ပြောင်စပ်စပ်နဲ့ “ အမေနော် ဘက်မလိုက်နဲ့ အမေ့သားကြီးက အမေ့ကိုချစ်တယ်သာပြောတယ် ၁၀ နှစ်လောက်ရှိပြီး ဘယ်မှာလဲ အမေ့အတွက်ဆိုပြီး ကန်တော့တာတို့ အဆက်သွယ်မကြာမကြာလုပ်တာတို့ လုပ်လို့လား အလကား သူ့ပါသာ မဟုတ်တာတွေနဲ့ ရှုပ်နေတာ ” တကယ်ပါ ကျနော် ဘာရည်ရွယ်ချက်နဲ့ မှ ပြောလိုက်တာမဟုတ်ပေမယ့် အမေမျက်ရည် ကျလေသောအခါ ကျနော့်ကိုယ် ကျနော် လူမိုက်တစ်ယောက်လို ခံစားလိုက်ရတယ် ။ ခွင့်လွှတ်ပါ အမေ ။ သားလည်း ကြီးလေ မိုက်လေ ကြီးမိုက်လေး ဖြစ်လာပါပြီး ။

ကိုလတ်ပြန်တဲ့နေ့က အမေကားဂိတ်လိုက်ပို့ရင်း ငိုတယ် အမေငိုလေသော အခါ ကျနော်လည်း ၀မ်းနည်းပါတယ် ။ ကျနော် ခရီးတိုလေး ခဏသွားလို့ နှုတ်ဆက်တဲ့နေ့ကအမေ ငိုတယ် “ အား ...အမေကလည်း သားက ခဏလေးသွားမှာကိုဗျာ ” ၊ “အေးပါ အမေသိတယ် သားယောက်ျားလေး ၃ ယောက်မွေးထားပါတယ် တစ်ယောက်မှ နီးနီးနားနားမရှိလို့ ၀မ်းနည်းတာပါ ” တဲ့ ကျနော် ငိုင်ကျသွားတဲ့ စကားတစ်ခွန်းပါပဲ ပြောရင်း အမေငိုလေသောအခါ ကျနော်လည်း ငိုချင်ပါတယ် ။

အမေငိုလေသော်အခါ ကျနော်လည်း ငိုချင်ပါတယ် ။



1 comment:

ချစ်ခြင်းအလင်္ကာ said...

ကိုသားဆိုးခေါ် အလင်းရောင်နာမည်နဲ့ခြေရာဖျောက်နေတဲ့သူနဲ့
မခင်မာလာအောင်တို့ရဲ့သိက္ခာမရှိတဲ့ ဖောက်ပြန်မှု့ကြောင့်ကိုသားဆိုးခေါ်အလင်းရောင်ခေါ် mysuubuu ခေါ်
မနက်ဖြန် ရဲကဇနီးသည်ဟာကိုယ့်ကိုကိုယ်သေကြောင်းကြံလို့ချန်ဂီဆေးရုံမှာတင်ထားရပါတယ်
မခင်မာလာအောင်ခေါ်diary.0tc.29 ပိုင်ရှင်ကိုအကြောင်းကြားပေးပါ
၈၆၁၇၀၈၀၅ ကိုဖုန်းဆက်ပြီးကိုသားဆိုးမိန်းမနဲ့လာတွေ့ပါလို့